Saturday, 17 December 2016

နမာဇ် ဖတ်နည်း မြန်မာ ဘာသာပြန် စာအုပ်

လွယ်ကူစွာ နမာဇ် ဖတ်နည်းစာအုပ်
ဒေါင်းယူရန်ဒီနေရာကိုနိပ်ပါ >>>  Download <<<


ဟာဂျီ ဦးအေးလွင့်ရဲ့ About Islam စာအုပ်


ဟာဂျီ ဦးအေးလွင့်ရဲ့ About Islam ဆိုတဲ့စာအုပ်
ဒေါင်းယူဖတ်ရှူ့ ရန် ဒီနေရာကိုနိပ်ပါ >>> About Islam by U Aye Lwin.pdf <<<


Drသန်းထွန်း-ဗမာနိုင်ငံကျောက်ခေတ်သမိုင်း စာအုပ်

စာအုပ်ဒေါင်းရန်ဒီနေရာကိုနိပ်ပါ >>>  Drသန်းထွန်း-ဗမာနိုင်ငံကျောက်ခေတ်သမိုင်း.pdf <<<

နှစ်ရှည်ဆေးလိပ် သောက်သူတွေအတွက် အဆုတ်သန့်ဆေး

နှစ်ရှည်ဆေးလိပ် သောက်သူတွေအတွက် အဆုတ်သန့်ဆေး
----------------------------------------------------------

နှစ်ရှည်ကြာ ဆေးလိပ်သောက်သူအများစုဟာ ချောင်းဆိုးရင်ကျပ်နာ သို့မဟုတ် အတောမသတ်နိုင်တဲ့ ချောင်းဆိုးဝေဒနာကို ခံစားကြရပါတယ်။
ဒါကို နေ့စဉ်နဲ့အမျှ အသုံးပြုပေးဖို့ အကြံပြုထားပါတယ်။
-
လိုအပ်သောပစ္စည်းများ
-
ကြက်သွန်နီ (၁) ကီလို
ရေ (၁) လီတာ
သကြားအညို (၄၀၀) ဂရမ်
နနွင်း လက်ဖက်ရည်ဇွန်း (၂) ဇွန်း
စိတ်စိတ်လေးလှီးထားတဲ့ ဂျင်း
-
သကြားကို ရေနဲ့ရောပြီး မီးဖိုပေါ် ကျိုချက်ပေးပါ။ ဂျင်း၊ နနွင်းနဲ့ ကြွက်သွန်နီအခွံခွာ၊ ခလယ်ကနေလေးပိုင်းပိုင်းပြီး ရောထည့်ပါ။
ရေစတင် ဆူပွက်လာရင် မီးအပူရှိန်လျော့ပါ။ ရေထက်ဝက်လောက်ခန့် လျော့လာသည့်အထိ ချက်ပေးပါ။ အားလုံးပြီးဆုံးသွားပြီဆိုရင် အရေစစ်ထုတ်ပြီး ဖန်ခရားထဲ ပြောင်းထည့်ပါ။ အေးလာတဲ့အခါကျရင် ခရားကို ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။
-
အဲဒါကို မနက်တိုင်း အစာလုံးဝ မစားခင် လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ ညနေစာမစားခင် (၂) နာရီကြိုတင်ပြီး စားပေး သင့်ပါတယ်။
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

#‎ဆေးနည်း

အသည်းကွဲဧည့်သည် - Ko Thaw (Cover)


အသည်းကွဲဧည့်သည် - Ko Thaw (Cover) 


Smule Vip ရအောင်လုပ်နည်း

Smule Vip ရအောင်လုပ်နည်းလေးကို အသေးစိတ်ရှင်းပြထားပါတယ်ဗျား
-------------------------------------------------------------------------------------


လမြတ် ရမဿွာန်နှင့် ရိုဇဟ် (ဥပုသ်)ဆိုင်ရာ ထူးမြတ်မှုများ

လမြတ် ရမဿွာန်နှင့် ရိုဇဟ် (ဥပုသ်)ဆိုင်ရာ ထူးမြတ်မှုများ
-----------------------------------------------------------------------


•ဤလမြတ်၌ ကုရ်အာန်ကျမ်းမြတ် ကျရောက်၏။ (ကုရ်အာန်)

•ဤလမြတ်၌ အရှင်မြတ်က အထူးရဟ်မသ်တော်ကို ချပေးတော်မူ၏။ (သဗ်ရာနီ)

•ဤလမြတ်၌ ဂျန္နသ်၏တံခါးများ ဖွင့်ထား၏။ (အဟ်မဒ်ကျမ်း)

•ဤလမြတ်၌ ဂျဟန္နမ်၏တံခါးများ ပိတ်ထားလိုက်၏။ (သိရ်မေဇီကျမ်း)

•အရ်ရိုင်ယာန်မည်သော ဂျန္နသ်တံခါးကို ရိုဇဟ်သည်အဖို့ ဖွင့်ပေးထားလေသည်။ ရိုဇဟ်သည် အိဗာဒသ် အပေါင်း၏ တံခါး ဖြစ်သည်။

•ဤလမြတ်၌ ရှိုင်သွာန်နှင့် ဆိုးသွမ်းသော ဂျင်န်များ ချုပ်နှောင်ခြင်း ခံရ၏။ လဆန်းမှ လကုန်အထိ၊ ဖဂျရ်ချိန်မှ နေဝင်ချိန်ထိ မလာအိကဟ် (၇)သောင်းသည် ရိုဇဟ်သည်များ လွတ်ငြိမ်း ချမ်းသာခွင့် ရရန် ဆုပန်ကြသည်။ (ဗိုင်ဟကီကျမ်း)

•ဤလမြတ်၌ နေ့ညပြုသော ဒုအာ တစ်ရပ်ကို မုချ အတည်ပြုမည်။ (ဗဇ္ဇာရ်)

•ဤလမြတ်၌ မုအ်မင်န်၏ စားနပ် ရိက္ခာမြှင့်တင် တိုးပွားပေးသည်။ (ဗိုင်ဟကီကျမ်း)

•ဤလမြတ်၌ အရှင်မြတ်ထံတော်မှ ဂျဟန္နမ် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုလေသည်။ (အဟ်မဒ်ကျမ်း)

•ဤလမြတ်သည် ကိယာမသ်နေ့၌ ရိုဇဟ်ထားသူများအဖို့ အတည်ပြုခြင်းခံရသော ရှဖာအသ် (ကြားဝင် အသနားခံ၊ ပန်ကြားခွင့်) ပြုပေမည်။

•ဤလမြတ်၏ နောက်ဆုံးည၌ ရိုဇဟ် စောင့်သူ အပေါင်းအား လွတ်ငြိမ်း ချမ်းသာခွင့်ပြုလေသည်။

•ရိုဇဟ်စောင့်သူသည် အရှင်မြတ်၏ ဧည့်သည်ဖြစ်ရာ လူအများ စစ်ဆေးခံရချိန်တွင် ၄င်းတို့သည် စားသောက်လျက် သာယာ ချမ်းမြေ့စွာ ရှိနေကြမည်။

•ဤလမြတ်၌ အရရှ်တော်ထိန်း ဖရိရှ်သာများသည် မိမိတို့ အိဗာဒသ်ကို စွန့်၍ ရိုဇဟ်သည်များ၏ ဒိုအာတွင် အာမီန် ဆိုကြရန် အမိန့်ပေးခြင်း ခံရ၏။ (ဗိုင်ဟကီကျမ်း)

•ဤလမြတ်၏ ပထမ (၁ဝ)ရက်သည် ရဟ်မသ်၊ ဒုတိယ (၁ဝ)ရက်သည် မဂ်ဖိရသ်၊ နောက်ဆုံး (၁ဝ)ရက်သည် ဂျဟန္နမ်မှ လွတ်မြောက်ခြင်းပင် ဖြစ်သည်။

•ဤလမြတ်၌ နဖိလ် ဖတ်ခြင်းသည် အခြားလ၌ ဖရပ်ဇ်ကဲ့သို့၊ ဖရပ်ဇ် (၁)ကြိမ်သည် အခြားလ၏ ဖရပ်ဇ်(၇ဝ)ကြိမ် ဖတ်သည်ထက် ပို၍ အကျိုးရ၏။ (ဗိုင်ဟကီကျမ်း)

•ရိုဇဟ်သည် ငါအရှင်မြတ် အတွက် ဖြစ်သည်။ ငါ အရှင်မြတ်ကပင် ယင်းရိုဇဟ်၏ အကျိုးစဝါးဗ်ကို ချီးမြှင့်တော်မူမည်။ (ဟဒီစေကွဒ်စီ)

•ရိုဇဟ်သည် အပြစ်ဒဏ်ကို ကာကွယ်စရာ ဒိုင်းဖြစ်သည်။

•ရိုဇဟ်စောင့်ကြောင့် နှလုံးသား လင်းဝင်းသည်။

•ရိုဇဟ်ထားကြ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပေမည်။

•ရိုဇဟ်စောင့်သူ အိပ်ခြင်းသည်လည်း အိဗာဒသ်၊ တိတ်တဆိတ် နေခြင်းဖြင့် သစ်ဗီးဟ် ဖတ်သည့် အကျိုးကိုရ၏။ သို့ရှိရာ ရိုဇဟ်၏ ဒိုင်းကို မုသား၊ အတင်းစကားတို့ဖြင့် မဖျက်ဆီးကြနှင့်။

•နေ့စဉ် အိဖ်သာရီ ဝါဖြေချိန်ကျတိုင်း ရိုဇဟ် ဥပုသ်သည်၏ ဒိုအာ ကဗူလ်ဖြစ်သည်။

•နောက်ဆုံး( ၁ဝ)ရက် အိအ်သိကာဖ် ထိုင်သူသည် ဟဂ်ျ (၂)ကြိမ်၊ အွမ်ရဟ် (၂)ကြိမ်ပြုကျင့်သည့် အကျိုးရ၏။

•အီမာန်နှင့် စဝါးဗ်ကို မျှော်ကိုး၍ သရာဝီဟ် ဖတ်သူသည် မွေးကင်းစ ကလေးပမာ အပြစ်များ ကင်းစင်သွားသည်။ (နစာအီ)

•ရှိုင်သွာန် လျှောက်တတ်သော သွေးကြောများကို ဆာလောင်မှု (ရိုဇဟ်)ဖြင့် ပိတ်ဆို့ကြ။

•ဝါလွှတ်ရန် စီစဉ်ပေးသူသည် ဂိုနဟ်ကျွတ်၊ ငရဲမှလွတ်ပြီး၊ ရိုဇဟ်ထားသူကဲ့သို့ အကျိုးစဝါးဗ် ရရှိပေမည်။

•ရိုဇဟ်သည် အီမာန်ရှင် အရွယ်ရောက် အမျိုးသား၊ အမျိုးသမီးတိုင်း အပေါ် ဖရဇ်ဖြစ်သည်။(ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက် များသည်) ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသား ခပ်သိမ်း တို့အဖို့တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ တရား လမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ [၂]

•လမြတ် ရမဿွာန်၌ ကုရ်အာန်ကျမ်းမြတ်သည် လောင်ဟေမဟ်ဖူးဇ် မှ မိုးကောင်းကင် ပထမထပ်သို့ အစအဆုံး ကျရောက်ခဲ့၏။ ၄င်းအပြင် ကုရ်အာန်ကျမ်းမြတ်နှင့် လမြတ်ရမ်ဇာန် သည် အလွန်ပင် အပ်စပ်မှုရှိသည်။ ထိုကြောင့် ဤလမြတ်၌ အချိန်များစွာကို ကျမ်းမြတ်ရွတ်ဖတ်ခြင်းတွင် တတ်နိုင်သမျှကုန်ဆုံးစေသင့်သည်။ [၃]

•ရှရ်ဟေအေဟ်ယာအုလ် အုလူမ်ကျမ်းတွင် အိမာမ် အဘူဟနီဖဟ်သခင်က တစ်နှစ်လျှင် (၂)ကြိမ် အစ-ဆုံး ခသမ်ပြီး အောင်ဖတ်ရန်မှာ ကုရ်အာန်ကျမ်းမြတ်၏ ရပိုင်ခွင့်ရှိကြောင်း ဖော်ပြထားပေသည်။ [၃]

•တမန်တော်မြတ်သည် လမြတ်ရမဇာန်တွင် ဟဇ်ရသ် ဂျိဗ်ရာအီလ်နှင့် ကုရ်အာန်ကျမ်းမြတ်ကို အစအဆုံး ပြန်လည် ဖတ်ရွတ်တော်မူလေ့ရှိခဲ့သည်။ ထိုကြောင့် မိမိစွမ်းနိုင်သမျှ ကုရ်အာန် ကျမ်းတော်မြတ်ကို ဖတ်ရွတ်ရမည်။

•အကြင်သူသည် ကုရ်အာန် ကျမ်းမြတ်၏ အက္ခရာ တစ်လုံးကို ရွတ်ဖတ်လျှင် ၄င်းသည် ကောင်းမှု တစ်ခုကို ရရှိပေသည်။ ၄င်းကောင်းမှု တစ်ခု၏ အစား အကျိုး စ၀ါးဗ် (၁၀)ခုဖြစ်သည်။ အလစ်ဖ်လာမီမ်မှာ အက္ခရာ တစ်လုံးဟု ကျွန်ုပ် မဆိုလို။ အလစ်ဖ်သည် အက္ခရာ တစ်လုံး၊ လာမ်သည် အက္ခရာ တစ်လုံး၊ မီမ်သည် အက္ခရာ တစ်လုံးဖြစ်ပေသည်။ ဆိုလိုသည်မှာ ၄င်းသည် အက္ခရာ သုံးလုံးဖြစ်၍ ကောင်းမှု အကျိုးစ၀ါးဗ် (၃၀)ကို ရရှိပေသည်။ [၄]

•အိမာမေ အအ်ဇမ် အိမာမ် အဘူဟနီဖဟ်သည် ရမ်ဇာန်လမြတ်၌ နေ့တွင် တစ်ကြိမ်၊ ညတွင် တစ်ကြိမ်၊ တစ်လလုံးအတွင်း သရာဝီဟ်၌ တစ်ကြိမ်၊ ပေါင်း ခြောက်ဆယ့် တစ်ကြိမ် ခသမ်ပြုလေ့ရှိကြောင်း လာရှိ၏။ အလားတူ အိမာမ် ရှာဖိအီသည်လည်း လမြတ်ရမဇာန်၌ နေ့စဉ် ခသမ် နှစ်ကြိမ်ပြုလေ့ရှိသည်။ [၅]ကျမ်းကိုး။ ။

[၁] အလ်မအာရစ်ဖ် စာစောင် ဟစ်ဂျရီ ၁၄၂၄။[၂] (ကုရ်အာန် စူရဟ် ဗကရဟ် ၂း ၁၈၅) ကုရ်အာန် အလင်းပြကျမ်း။[၃] လမြတ်ရမဒွါန် (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။[၄] (သိရ်မေဇီကျမ်း၊ ဟဒီးဆ် အမှတ် ၂၉၁၀) မွန်သခဗ် အဟာဒီးဆ်ကျမ်း မြန်မာဘာသာပြန်။[၅] ဖဇာအေလေ အအ်မာလ်ကျမ်း၊ မြန်မာဘာသာပြန်၊ စာ-၈၆-၈၇
#‎ရမဿန်‌လက်‌ဆွဲမှ တဆင့်‌ပြန်‌လည်‌တင်‌ပြပါသည်‌။

ချစ်သူများနေ့ဆိုတာ ( Valentine Day )

ချစ်သူများနေ့ဆိုတာ
*********************

ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။ စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောက်ျားတွေကို စုဆောင်း ရလေ၊ ယောက်ျာလေးတွေ စစ်ထဲဝင်တာများလေလေ၊ အမျိုးသမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ မိသားစုကို လွမ်းလေလေ၊ အိမ်ပြန်ချင်လေလေ၊ အစရှိသဖြင့် သံယောဇဉ်နှောင်ကြိုးပေါင်း များစွာကြောင့် စစ်မှာ ခရီးမရောက်ဘူးလို့ အင်ပါယာကြီးကထင်မြင် ယူဆပါတယ်။ 

ဒီတော့ အကောင်းဆုံးက သံယောဇဉ် ဖြတ်ခြင်းပါပဲ။
ယောက်ျားဆိုတာ စစ်တိုက်ဖို့မွေးတယ်။ ချစ်ဖို့၊ သံယောဇဉ်တွယ်ဖို့ မဟုတ်ဘူးဆိုတဲ့ တယူသန်တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ အစရှိတဲ့ ရူးကြောင်ကြောင် ဥပေဒများကို ထုတ်ပါတယ်။ ဥပေဒက ရူးကြောင်ပေမယပ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို သေဒဏ်ပေးပါတယ်။ ဒီတော့ ဘယ်သူမှ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။ အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း အဆင်သင့်ရှိနေတော့ တိတ်တိတ်ပုန်း မင်္ဂလာပွဲက ရောမမှာ ခေတ်စားလာပါတယ်။ 

ဒီတော့ Valentine ဆိုတာ လူချစ်လူခင်ပေါတဲ့ ဘုန်းတော်ကြီး ဖြစ်လာပါတယ်။ ဒီသတင်းကို တနေ့တော့ အုပ်ချုပ်သူတွေ သိမယ်ဆိုတာကိုလည်း Valentine က ထည့်တွက် ပြီးသား ဖြစ်ပါတယ်။ တစ်နေ့ Valentine ကို ရောမ စစ်သည်တို့လာဖမ်း ပါတယ်။ နေ့စဉ်နှိပ်စက် မှု ကြောင့် သေလုနီးနီးဖြစ်နေပါပြီ။ သေဒဏ်ပေးခါနီး တစ်ရက်တော့ သူ့သမီးဆီကို Your Valentine ဆိုတဲ့ စာလေးပဲ ရေးထားတဲ့ ကဒ်ကလေး ပို့ပါတယ်။ ထောင်စောင့်ကလည်း Valentine ကို သနားပြီး ကူညီတဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အေဒီ ၂၆၉၊ ဖေဖ်ာဝါရီလ ၁၄ ရက်နေ့ ကျတော့ သေဒဏ်ချမှတ်ခံရပြီး ကွယ်လွန် သွားပါတော့တယ်။ ဒီတော့ Valentine သဆုံးမှုအတွက် ရောမမြို့ ကြီးတစ်ခုလုံး ဝမ်းနည်းကြပြီး သမိုင်းမှာ မေ့မရတဲ့ နေ့လေး ဖြစ်ခဲ့ပါတယ်။

ပြောချင်တာက ဒီကငတုန်းတွေ နားလည်ထားသလို တဏှာရာဂ ၀င်ပူးဖို့ သတ်မှတ်ပေးခဲ့တဲ့နေ့ မဟုတ်ဘူးဆိုတာပါပဲ။
အမေ့မှာ မျက်လုံးတစ်ဖက်ပဲရှိတယ်
..............................................
Related image


ကျွန်တော့် အမေမှာမျက်လုံးတစ်ဖက်ပဲရှိတယ်။ ဒါကြောင့် ကျွန်တော်သူ့ ကိုမုန်းတယ်။ ဘာလို့ လည်းဆိုတော့ သူများအမေတွေလို ဒါငါ့အမေပါလို့ ငါမပြရဲဘူး။ ဆင်းရဲနွမ်းပါတဲ့ကြားက မျက်လုံးတစ်ဖက်ထဲရှိတော့ မတောက်မပြောင်နဲ့ ။ ကျွန်တော် အလယ်တန်းကျောင်းသား ဘ၀ တုန်းက ကျွန်တော့် အမေ ကျောင်းကိုတစ်ခေါက်မပြောမဆိုပဲရောက်လာပြီး ကျွန်တော့် ကို လာနှုတ်ဆက်တယ်။ ကျွန်တော် တကယ်ရှက်တယ်။ ဘာလို့ အဲ့လိုလာရတာလဲ ? 

ကျွန်တော် သူ့ ကို ဒေါသ ထွက်နေတဲ့ မျက်လုံးနဲ့ ကြည့်ပြီး မသိချင်ယောင်ဆောင်နေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော့် အခန်းဖော် သူငယ်ချင်းတစ်ယောက်က ကျွန်တော့် အမေမှန်းသိပြီး " အယ်... မင်း အမေက မျက်လုံးတစ်လုံးပဲရှိတယ်ကွာ... " ဆိုပြီး ကျွန်တော့်ကို လှောင်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့် ကိုယ် ကျွန်တော် သတ်သေချင်စိတ်တောင်ဖြစ်ခဲ့တယ်။ အမေဆိုတာလည်းမလိုချင်တော့ဘူး။ အဲ့ဒီနေ့ က ကျွန်တော် ကျွန်တော့် အမေကို " အမေ ကျွန်တော့် ကို ဒီလိုပဲအရှက်ရအောင်လုပ်နေမယ့် အစား အမေမရှိတော့တာ ပိုကောင်းမယ် " စိတ်တိုတိုနဲ့ ပြောလိုက်တယ်။
ဒါပေမယ့် အမေဘာမှ ကျွန်တော့် ကို ပြန်မပြောခဲ့ဘူး။ 


ကျွန်တော် ဒီလိုအမေမျိုးနဲ့  အဲ့ဒီ အိမ်မှာမနေချင်တော့ဘူး။ အဲ့ဒီအိမ်က ဝေးရာကိုထွက်သွားချင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် စာတွေအရမ်းကြိုးစားခဲ့တယ်။ နောက်ပြီး နိုင်ငံခြားမှာ ပညာ သွားသင်ခွင့်ရခဲ့တယ်။ ကျောင်းပြီးတော့ ကျွန်တော် နိုင်ငံခြားမှာပဲ အိမ်ထောင်ကျတယ်။ ကျွန်တော့် ကိုယ်ပိုင်အိမ်တွေ ကားတွေ နဲ့  သားသမီးတွေလည်း ကိုယ့် အစွမ်းအစ နဲ့  ကိုယ် ရခဲ့တယ်။ ဒါကြောင့် ကျွန်တော့် ဘ၀ ကို နိုင်ငံခြားမှာပဲ ကျွန်တော့် မိသားစုနဲ့ အတူ ပျော်ရွှင်စွာအခြေချနေခဲ့တယ်။ ဒီလိုနဲ့  တစ်နေ့ ... ကျွန်တော့် အမေ ဘယ်က ဘယ်လို ကျွန်တော့်လိပ်စာရလည်းမသိပါဘူး ကျွန်တော် အိမ်ရှေ့ တံခါးဝ ကိုရောက်လာတယ်။ သူ ကျွန်တော့် ကို မတွေ့ ရတာ နှစ်ပေါင်းများစွာလည်းကြာပြီး ကျွန်တော် အိမ်ထောင်ရက်သားကျပြီး ကလေးတွေဘာတွေရနေတယ်ဆိုတာလည်းမသိရှာဘူး။ ကျွန်တော် အိမ်ရှေ့ တံခါးဝမှာ နွမ်းနွမ်းပါးပါး မျက်လုံးတစ်ဖက်ထဲရှိတဲ့ အဘွားအိုတစ်ယောက် ရပ်နေတာတွေ့ တော့ ကျွန်တော့် ကလေးတစ်ယောက်က သူ့ ကို လှောင်ပြောင်ပြီး ရယ်နေတယ်။ နောက်တစ်ယောက်က ကြောက်လန့် ပြီးအဝေးကိုထွက်ပြေးတယ်။ ဒါကို ကျွန်တော် သိလိုက်ရတော့ တံခါးဝ ကိုထွက်ပြီး " ဘာကြောင့် ကျွန်တော်မခေါ်ပဲလာတာလဲ ကျွန်တော့် ကလေးတွေ လန့် ကုန်ပြီး အခုပြန်ပါလို့ " သူ့ ကို ကျွန်တော် အော်လွှတ်လိုက်တယ်။ ကျွန်တော့် အမျိုးသမီး နိုင်ငံခြားသူကို အဲ့တာကျွန်တော့် အမေပါ ဆိုတာကို မသိစေဘူးလေ။ အမေရိပ်မိပုံရတယ်။ ဒါကြောင့် အမေက...
" သြော်... ဟုတ်သားပဲ.. အိမ်မှားသွားလို့ စိတ်မရှိပါနဲ့ " လို့ ရိုကျိုးစွာပြောပြီး ထွက်သွားလေတယ်။

 ဒီလိုနဲ့  တစ်နေ့ မှာ ကျွန်တော် ငယ်ငယ်က တက်ခဲ့ တဲ့ အလယ်တန်းကျောင်းက မိတ်ဆုံစားပွဲ ကျွန်တော့်ကိုဖိတ်တယ်။ အဲ့ဒီကျောင်းက ကျွန်တော့် အမေရဲ့ အိမ်နားမှာပဲလေ။ ဒီလိုနဲ့ ကိုယ့် မြို့ ကိုယ့် ရွာ ကိုမရောက်တာကြာပြီမို့  ကျောင်းမိတ်ဆုံစားပွဲကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မိတ်ဆုံစားပွဲမှာသူငယ်ချင်းတွေနဲ့  စားသောက်လို့ ပြီး အပြန်မှာ ဘာရယ်မဟုတ်ပါဘူး စိတ်ထဲက သိချင်ယုံသက်သက်နဲ့ အမေ့ အိမ်ဘက်ကနေ ဖြတ်လျှောက်ဖြစ်ခဲ့တယ်။ အမေ့ အိမ်နားအရောက်မှာ အိမ်နီးချင်း အသိတစ်ယောက်နဲ့ တွေ့ တော့ " မင်းအမေလွန်ခဲ့တဲ့ လ အနည်းငယ်က ဆုံးသွားပြီး " လို့ ပြောတဲ့ အခါ ကျွန်တော် ထူပူသွားတယ်။ ပြီးတော့အမေက သူမဆုံးခင် ကျွန်တော့်ကို ပေးဖို့ စာတစ်စောင်ကို အဲ့ဒီ အိမ်နီးချင်း အသိနဲ့ ပေးခဲ့လို့ အမေ့ရဲ့ နောက်ဆုံး စာကို ကျွန်တော် ထိုအိမ်နီးနားချင်းထံမှရခဲ့တယ်။ အမေ့ရဲ့စာက...

" သားလေး... အမေ သား ကို အမြဲသတိရနေတာ သားရဲ့။ သားအိမ်ကို သားမခေါ်ပဲလာတုန်းက သားရဲ့ ကလေးတွေအမေ့ကို တွေ့ ပြီး ကြောက်လန့် အောင်လုပ်ခဲ့မိတဲ့အတွက် အမေ တောင်းပန်ပါတယ်။ အမေ့ အိမ်ဘက်ကို သား လာတဲ့တွက် အမေအရမ်းဝမ်းသာတယ်သားရယ်။ ဒါပေမယ့် သားကို ထပ်မတွေ့ နိုင်တော့တာ တော့ အမေ စိတ်မကောင်းဘူး။ ပြီးတော့ သားဘ၀ တစ်လျှောက်လုံး အမေ့လို မျက်လုံးတစ်ဖက်ကန်းနေတဲ့အမေ ကြောင့်အရှက်ရခဲ့လို့  အမေ့ကိုခွင့်လွှတ်ပါသားရယ်။

သားသိလာ... သားငယ်ငယ်တုန်းကလေ ကားအက်စိဒန့်  ဖြစ်ပြီးမျက်လုံးတစ်ဖက်ကန်းသွားခဲ့တယ်။ ဒါပေမဲ့ အမေတစ်ယောက်အနေနဲ့  ငါ့ သားကို မျက်လုံးတစ်ဖက်ထဲနဲ့ လူတစ်ကာအလည် ရှင်သန်ရမှာကိုမကြည့်ရက်ခဲ့ဘူးလေ။ ဒါကြောင့် အမေ့မျက်လုံးတစ်လုံးသားကို အမေ ပေးခဲ့တာပါ။

အမေကျေနပ်ပါတယ်။ အမေ့သားလေးကို အမေ့မျက်လုံးတစ်ဖက်ပေးပြီး လောကကြီးကို ကောင်းမွန်စွာမြင်နိုင်အောင် လုပ်ပေးနိုင်ခဲ့လို့ ။
သားရဲ့အမေ "

ကျွန်တော် အမှားကြီးမှားခဲ့မှန်းသိလိုက်ရပေမယ့် အချိန်နှောင်းခဲ့ပြီလေ။ ။

academictips.org မှ ဘာသာပြန်သည်။
Translated by Ko Thaw