အမေ့မှာ မျက်လုံးတစ်ဖက်ပဲရှိတယ်
..............................................
ကျွန်တော့် အမေမှာမျက်လုံးတစ်ဖက်ပဲရှိတယ်။ ဒါကြောင့် ကျွန်တော်သူ့ ကိုမုန်းတယ်။ ဘာလို့ လည်းဆိုတော့ သူများအမေတွေလို ဒါငါ့အမေပါလို့ ငါမပြရဲဘူး။ ဆင်းရဲနွမ်းပါတဲ့ကြားက မျက်လုံးတစ်ဖက်ထဲရှိတော့ မတောက်မပြောင်နဲ့ ။ ကျွန်တော် အလယ်တန်းကျောင်းသား ဘ၀ တုန်းက ကျွန်တော့် အမေ ကျောင်းကိုတစ်ခေါက်မပြောမဆိုပဲရောက်လာပြီး ကျွန်တော့် ကို လာနှုတ်ဆက်တယ်။ ကျွန်တော် တကယ်ရှက်တယ်။ ဘာလို့ အဲ့လိုလာရတာလဲ ?
ကျွန်တော်
သူ့ ကို ဒေါသ ထွက်နေတဲ့ မျက်လုံးနဲ့ ကြည့်ပြီး မသိချင်ယောင်ဆောင်နေခဲ့ရတယ်။ ဒါပေမယ့်
ကျွန်တော့် အခန်းဖော် သူငယ်ချင်းတစ်ယောက်က ကျွန်တော့် အမေမှန်းသိပြီး " အယ်...
မင်း အမေက မျက်လုံးတစ်လုံးပဲရှိတယ်ကွာ... " ဆိုပြီး ကျွန်တော့်ကို လှောင်တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော့် ကိုယ် ကျွန်တော် သတ်သေချင်စိတ်တောင်ဖြစ်ခဲ့တယ်။ အမေဆိုတာလည်းမလိုချင်တော့ဘူး။
အဲ့ဒီနေ့ က ကျွန်တော် ကျွန်တော့် အမေကို " အမေ ကျွန်တော့် ကို ဒီလိုပဲအရှက်ရအောင်လုပ်နေမယ့်
အစား အမေမရှိတော့တာ ပိုကောင်းမယ် " စိတ်တိုတိုနဲ့ ပြောလိုက်တယ်။
ဒါပေမယ့် အမေဘာမှ ကျွန်တော့် ကို ပြန်မပြောခဲ့ဘူး။
ဒါပေမယ့် အမေဘာမှ ကျွန်တော့် ကို ပြန်မပြောခဲ့ဘူး။
ကျွန်တော် ဒီလိုအမေမျိုးနဲ့  အဲ့ဒီ အိမ်မှာမနေချင်တော့ဘူး။ အဲ့ဒီအိမ်က ဝေးရာကိုထွက်သွားချင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် စာတွေအရမ်းကြိုးစားခဲ့တယ်။ နောက်ပြီး နိုင်ငံခြားမှာ ပညာ သွားသင်ခွင့်ရခဲ့တယ်။ ကျောင်းပြီးတော့ ကျွန်တော် နိုင်ငံခြားမှာပဲ အိမ်ထောင်ကျတယ်။ ကျွန်တော့် ကိုယ်ပိုင်အိမ်တွေ ကားတွေ နဲ့  သားသမီးတွေလည်း ကိုယ့် အစွမ်းအစ နဲ့  ကိုယ် ရခဲ့တယ်။ ဒါကြောင့် ကျွန်တော့် ဘ၀ ကို နိုင်ငံခြားမှာပဲ ကျွန်တော့် မိသားစုနဲ့ အတူ ပျော်ရွှင်စွာအခြေချနေခဲ့တယ်။ ဒီလိုနဲ့  တစ်နေ့ ... ကျွန်တော့် အမေ ဘယ်က ဘယ်လို ကျွန်တော့်လိပ်စာရလည်းမသိပါဘူး ကျွန်တော် အိမ်ရှေ့ တံခါးဝ ကိုရောက်လာတယ်။ သူ ကျွန်တော့် ကို မတွေ့ ရတာ နှစ်ပေါင်းများစွာလည်းကြာပြီး ကျွန်တော် အိမ်ထောင်ရက်သားကျပြီး ကလေးတွေဘာတွေရနေတယ်ဆိုတာလည်းမသိရှာဘူး။ ကျွန်တော် အိမ်ရှေ့ တံခါးဝမှာ နွမ်းနွမ်းပါးပါး မျက်လုံးတစ်ဖက်ထဲရှိတဲ့ အဘွားအိုတစ်ယောက် ရပ်နေတာတွေ့ တော့ ကျွန်တော့် ကလေးတစ်ယောက်က သူ့ ကို လှောင်ပြောင်ပြီး ရယ်နေတယ်။ နောက်တစ်ယောက်က ကြောက်လန့် ပြီးအဝေးကိုထွက်ပြေးတယ်။ ဒါကို ကျွန်တော် သိလိုက်ရတော့ တံခါးဝ ကိုထွက်ပြီး " ဘာကြောင့် ကျွန်တော်မခေါ်ပဲလာတာလဲ ကျွန်တော့် ကလေးတွေ လန့် ကုန်ပြီး အခုပြန်ပါလို့ " သူ့ ကို ကျွန်တော် အော်လွှတ်လိုက်တယ်။ ကျွန်တော့် အမျိုးသမီး နိုင်ငံခြားသူကို အဲ့တာကျွန်တော့် အမေပါ ဆိုတာကို မသိစေဘူးလေ။ အမေရိပ်မိပုံရတယ်။ ဒါကြောင့် အမေက...
" သြော်... ဟုတ်သားပဲ.. အိမ်မှားသွားလို့ စိတ်မရှိပါနဲ့ " လို့ ရိုကျိုးစွာပြောပြီး ထွက်သွားလေတယ်။
ဒီလိုနဲ့  တစ်နေ့ မှာ ကျွန်တော် ငယ်ငယ်က တက်ခဲ့ တဲ့ အလယ်တန်းကျောင်းက
မိတ်ဆုံစားပွဲ ကျွန်တော့်ကိုဖိတ်တယ်။ အဲ့ဒီကျောင်းက ကျွန်တော့် အမေရဲ့ အိမ်နားမှာပဲလေ။
ဒီလိုနဲ့ ကိုယ့် မြို့ ကိုယ့် ရွာ ကိုမရောက်တာကြာပြီမို့  ကျောင်းမိတ်ဆုံစားပွဲကိုသွားဖို
့ဆုံးဖြတ်လိုက်တယ်။ မိတ်ဆုံစားပွဲမှာသူငယ်ချင်းတွေနဲ့  စားသောက်လို့ ပြီး အပြန်မှာ
ဘာရယ်မဟုတ်ပါဘူး စိတ်ထဲက သိချင်ယုံသက်သက်နဲ့ အမေ့ အိမ်ဘက်ကနေ ဖြတ်လျှောက်ဖြစ်ခဲ့တယ်။
အမေ့ အိမ်နားအရောက်မှာ အိမ်နီးချင်း အသိတစ်ယောက်နဲ့ တွေ့ တော့ " မင်းအမေလွန်ခဲ့တဲ့
လ အနည်းငယ်က ဆုံးသွားပြီး " လို့ ပြောတဲ့ အခါ ကျွန်တော် ထူပူသွားတယ်။ ပြီးတော့အမေက
သူမဆုံးခင် ကျွန်တော့်ကို ပေးဖို့ စာတစ်စောင်ကို အဲ့ဒီ အိမ်နီးချင်း အသိနဲ့ ပေးခဲ့လို
့အမေ့ရဲ့ နောက်ဆုံး စာကို ကျွန်တော် ထိုအိမ်နီးနားချင်းထံမှရခဲ့တယ်။ အမေ့ရဲ့စာက...
" သားလေး... အမေ သား ကို အမြဲသတိရနေတာ သားရဲ့။ သားအိမ်ကို သားမခေါ်ပဲလာတုန်းက သားရဲ့ ကလေးတွေအမေ့ကို တွေ့ ပြီး ကြောက်လန့် အောင်လုပ်ခဲ့မိတဲ့အတွက် အမေ တောင်းပန်ပါတယ်။ အမေ့ အိမ်ဘက်ကို သား လာတဲ့တွက် အမေအရမ်းဝမ်းသာတယ်သားရယ်။ ဒါပေမယ့် သားကို ထပ်မတွေ့ နိုင်တော့တာ တော့ အမေ စိတ်မကောင်းဘူး။ ပြီးတော့ သားဘ၀ တစ်လျှောက်လုံး အမေ့လို မျက်လုံးတစ်ဖက်ကန်းနေတဲ့အမေ ကြောင့်အရှက်ရခဲ့လို့  အမေ့ကိုခွင့်လွှတ်ပါသားရယ်။
သားသိလာ... သားငယ်ငယ်တုန်းကလေ ကားအက်စိဒန့်  ဖြစ်ပြီးမျက်လုံးတစ်ဖက်ကန်းသွားခဲ့တယ်။ ဒါပေမဲ့ အမေတစ်ယောက်အနေနဲ့  ငါ့ သားကို မျက်လုံးတစ်ဖက်ထဲနဲ့ လူတစ်ကာအလည် ရှင်သန်ရမှာကိုမကြည့်ရက်ခဲ့ဘူးလေ။ ဒါကြောင့် အမေ့မျက်လုံးတစ်လုံးသားကို အမေ ပေးခဲ့တာပါ။
အမေကျေနပ်ပါတယ်။ အမေ့သားလေးကို အမေ့မျက်လုံးတစ်ဖက်ပေးပြီး လောကကြီးကို ကောင်းမွန်စွာမြင်နိုင်အောင် လုပ်ပေးနိုင်ခဲ့လို့ ။
သားရဲ့အမေ "
ကျွန်တော် အမှားကြီးမှားခဲ့မှန်းသိလိုက်ရပေမယ့် အချိန်နှောင်းခဲ့ပြီလေ။ ။
academictips.org မှ ဘာသာပြန်သည်။
Translated by Ko Thaw

No comments:
Post a Comment