Saturday, 17 December 2016

ချစ်သူများနေ့ဆိုတာ ( Valentine Day )

ချစ်သူများနေ့ဆိုတာ
*********************

ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။ စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောက်ျားတွေကို စုဆောင်း ရလေ၊ ယောက်ျာလေးတွေ စစ်ထဲဝင်တာများလေလေ၊ အမျိုးသမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ မိသားစုကို လွမ်းလေလေ၊ အိမ်ပြန်ချင်လေလေ၊ အစရှိသဖြင့် သံယောဇဉ်နှောင်ကြိုးပေါင်း များစွာကြောင့် စစ်မှာ ခရီးမရောက်ဘူးလို့ အင်ပါယာကြီးကထင်မြင် ယူဆပါတယ်။ 

ဒီတော့ အကောင်းဆုံးက သံယောဇဉ် ဖြတ်ခြင်းပါပဲ။
ယောက်ျားဆိုတာ စစ်တိုက်ဖို့မွေးတယ်။ ချစ်ဖို့၊ သံယောဇဉ်တွယ်ဖို့ မဟုတ်ဘူးဆိုတဲ့ တယူသန်တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ အစရှိတဲ့ ရူးကြောင်ကြောင် ဥပေဒများကို ထုတ်ပါတယ်။ ဥပေဒက ရူးကြောင်ပေမယပ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို သေဒဏ်ပေးပါတယ်။ ဒီတော့ ဘယ်သူမှ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။ အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း အဆင်သင့်ရှိနေတော့ တိတ်တိတ်ပုန်း မင်္ဂလာပွဲက ရောမမှာ ခေတ်စားလာပါတယ်။ 

ဒီတော့ Valentine ဆိုတာ လူချစ်လူခင်ပေါတဲ့ ဘုန်းတော်ကြီး ဖြစ်လာပါတယ်။ ဒီသတင်းကို တနေ့တော့ အုပ်ချုပ်သူတွေ သိမယ်ဆိုတာကိုလည်း Valentine က ထည့်တွက် ပြီးသား ဖြစ်ပါတယ်။ တစ်နေ့ Valentine ကို ရောမ စစ်သည်တို့လာဖမ်း ပါတယ်။ နေ့စဉ်နှိပ်စက် မှု ကြောင့် သေလုနီးနီးဖြစ်နေပါပြီ။ သေဒဏ်ပေးခါနီး တစ်ရက်တော့ သူ့သမီးဆီကို Your Valentine ဆိုတဲ့ စာလေးပဲ ရေးထားတဲ့ ကဒ်ကလေး ပို့ပါတယ်။ ထောင်စောင့်ကလည်း Valentine ကို သနားပြီး ကူညီတဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အေဒီ ၂၆၉၊ ဖေဖ်ာဝါရီလ ၁၄ ရက်နေ့ ကျတော့ သေဒဏ်ချမှတ်ခံရပြီး ကွယ်လွန် သွားပါတော့တယ်။ ဒီတော့ Valentine သဆုံးမှုအတွက် ရောမမြို့ ကြီးတစ်ခုလုံး ဝမ်းနည်းကြပြီး သမိုင်းမှာ မေ့မရတဲ့ နေ့လေး ဖြစ်ခဲ့ပါတယ်။

ပြောချင်တာက ဒီကငတုန်းတွေ နားလည်ထားသလို တဏှာရာဂ ၀င်ပူးဖို့ သတ်မှတ်ပေးခဲ့တဲ့နေ့ မဟုတ်ဘူးဆိုတာပါပဲ။

No comments:

Post a Comment